ရည်ရွယ်ချက်


ဓမ္မပန်းခင်း စာကြည့်တိုက်(စင်္ကာပူ) ၏ အသင်းဝင်များ အားလုံး မင်္ဂလာ အပေါင်းနှင့်ပြည့်စုံကြပါစေ...

ကျနော်များ စာကြည့်တိုက်တာဝန်ခံများနှင့် ဦးဆောင်နာယက ဆရာတော် ဦးဣန္ဒာစရိယ (ဓမ္မဥယျာဉ်-ဆမ်ဘာဝမ်း) တို့ စာကြည့်တိုက်၏ တစ်နှစ်မြောက်မွေးနေ့တွင် အစည်းအဝေးပြုလုပ်၍ စာကြည့်တိုက် အဘက်ဘက်မှ တိုးတက်ရေးတို့ကို တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။ အစည်းဝေး အပြီးတွင် အောက်ပါ ဆုံးဖြတ်ချက်များချမှတ်ကာ စာကြည့်တိုက်တိုးတက်ရေးအတွက် လုပ်ငန်းများ တာဝန်ခွဲဝေ သက်မှတ်ကာ မြှင့်တင်ဆောင်ရွတ်သွားပါမည် ဖြစ်ပါသည်။

စာကြည့်တိုက် နေ့စဉ်ဖွင့်လှစ်နိုင်ရေး
  1. စာကြည့်တိုက် နေ့စဉ်ဖွင့်လှစ်နိုင်ရန် တစ်လလျှင် တစ်ရက် လုပ်အားဒါန လှူဒါန်းနိုင်သူများအတွက် မိမိတို့ အားလတ်သော ရက်များမှာ လုပ်အားဒါန လှူနိုင်ရန် အလှည့် ဇယားပြုလုပ်ပြီး ဖြစ်ပါသည်။ လုပ်အားဒါန ပြုလုပ်နိုင်သူများ ထိုဇယားတွင် မိမိတို့ လုပ်အားပေးနိုင်သောရက်ကို လာရောက်လတ်မှတ်ရေးထိုး တာဝန်ယူပေးပါရန် မေတ္တရပ်ခံ အကြောင်းကြားအပ်ပါသည် ခင်ဗျာ။ နီးစပ်ရာများကိုလဲ လာရောက် လုပ်အားဒါန ပေးနိုင်ကြောင်း ဖြန့်ဝေပေးပါရန်။
စာကြည့်တိုက် အလှူငွေ Account ဖွင့်လှစ်ခြင်း
  1. စာကြည့်တိုက် ရေရှည်တည်တန့်ရေး အတွက် လစဉ် (Main sponsor) အဖြစ်တာဝန်ယူ လှူဒါန်းကြသော အလှူရှင်များသည် မိမိတို့ ရည်မှန်းထားသော Ammount ကို ယခုအခါ စာကြည့်တိုက် Account ( Posb Savings 133-18867-3) ကို တိုက်ရိုက်လှူဒါန်းနိုင်ပါပြီ။ လွဲပို့လှူဒါန်းပြီးပါလျှင် တာဝန်ခံမှ သင်၏ လှူဒါန်းမှု့ကို မှတ်တမ်းပြုလုပ်နိုင်ရန် အောက်ပါ ဖုန်းနံပတ် 82766829 သို့ မိမိ နာမည်နှင့် လွဲလိုက်သော Ammount (အလှူငွေပမာဏ) ကို Message ပို့ပြီး အကြောင်းကြားပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
  2. ရိုးရိုး အသင်းဝင်များလည်း မိမိတို့ အသင်းဝင် သက်တမ်းတိုးလိုလျှင် အထက်ပါ ဘဏ်အကောင့် နှင့် ဖုန်းနံပတ်ကို လစဉ် အလှူရှင်များနည်းတူ ပေးပို့လှူဒါန်းနိုင်ပါသည် ခင်ဗျာ။ မိမိ အမည်နှင့် အလှူငွေပမာဏ၊ အသင်းဝင် နံတ်တို့ကို Messageမှာ အပြည့်အစုံဖေါ်ပြပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည် ခင်ဗျာ။ 
  3. လွဲပို့လှူဒါန်းခြင်းနှင့် ပက်သက်၍ မရှင်းလင်းတာ ရှိလျှင် အထက်ပါ ဖုန်းနံပတ်ကို ဆက်၍ မေးမြန်း စုံစမ်းနိုင်ပါသည်။

ဘလောက်ဖွင့်လှစ်ခြင်း (Blogspot)
ယခု အခါ စာကြည့်တိုက် ဘလောက်ကို dhammapankhinn.blogspot.com ဟုဖွင့်ပြီးပါပြီ ၄င်းဘလောက်တွင်
  1. စာအုပ်စာရင်းများနှင့် စာအုပ်မိတ်ဆက်တို့ကို စာကြည့်တိုက်တွင် ဖိုင်များဖြင့်လည်းကောင်း၊ အထက်ပါ စာကြည့်တိုက် ဘလောက်တွင်လည်းကောင်း တင်ရန်စီစဉ်သွားပါမည်။
  2. ဘားကုတ် (barcode) စနစ်နှင့် ငှါးရန်းမှုပြုနိုင်အောင် တိုးမြင့်ဆောင်ရွတ်သွားပါမည်။
တာဝန်များ သက်မှတ်ဆောင်ရွက်ခြင်း
စာကြည့်တိုက်တွက် အထွေထွေ လှူဒါန်းမှုပြုလိုလျှင်
  1. ဆရာတော် ဦးဣန္ဒာစရိယ      ph:     9859 5661
စာကြည့်တိုက်သို့ စာအုပ်များလှူဒါန်းလိုပါလျှင်
  1. ကိုညီမြတ်                Ph:     9236 9839
တရားစီဒီများ ကူးယူဓမ္မဒါနပြလိုခြင်း၊ ကူယူလိုခြင်း၊ မိမိတို့ တယ်လီဖုန်း၊ MP3 စသည်ထဲ ကူးလိုပါလျှင်

1.    ကိုရဲမြင့်                   Ph:     9869 8464
2.    ကိုထွန်းထွန်းဝင်း        Ph:     8128 3834


အသင်းဝင်ကပ်ပြားများ သက်တမ်းတိုးလိုပါလျှင်
  1. ကိုအောင်ကိုလတ်      Ph:    90678740   
  2. မဧကရီလွင်              Ph:    90214363
စာကြည့်တိုက် ဘလောက်နှင့် ပက်သက်၍ အကြံပေးလိုပါလျှင်
  1. ကိုမျိုးဝင်းခိုင်             Ph:     9144 0752
  2. ကိုပြည့်ဖြိုး                Ph:     8439 5004
  3. မကြည်ပြာဝင်း           Ph:     9489 4622
စာကြည့်တိုက် အခန်းပြင်ဆင်ရေးတာဝန်
  1. မသီတာ                  Ph:     9223 6221
  2. ကိုအောင်တိုး            Ph:     9021 0458
  3. မစောစောနု             Ph:     8501 4553
 တို့နှင့် ဆက်သွယ်ကြပါရန်။

ဓမ္မပန်းခင်းစာကြည့်တိုက်
စာကြည့်တိုက်တာဝန်ခံ အဖွဲ့


ဓမ္မပန်းခင်း ထဲသို့ ကြွလှမ်းခဲ့ပါ ရွှေမြန်မာ

ကျတော်တို့၊ ကျမတို့ ဘဝတွေကို ကြာပန်းနှင့် နှိုင်းလျှင် လောကီအာရုံ ကာမဂုဏ်များကို ရွှံ့ညွန်နှင့် နှိုင်းရပေမည်။ မြတ်နိုးဖွယ်ကောင်းသော ကြာပန်းသည် ရွှံ့ညွန်နှင့် ကင်း၍ မရသလို၊ ကျတော်၊ ကျမတို့လည်း လောကီအာရုံ ကာမဂုဏ်တွေနှင့် ကင်း၍မရပေ။

သို့ရာတွင် ရွှံ့ညွန်မကပ်သော ကြာပန်းသည် ပို၍မွှေး ပို၍လှသကဲ့သို့ ကျတော်၊ ကျမတို့ဘဝတွေလည်း ပို၍ မွှေးမြလှပစေရန် လောကီကာမဂုဏ် အညစ်အကြေးများ ထူထူထပ်ထပ် မလိမ်းမကပ်ရအောင် ကြိုးပန်းအားထုတ်သင့်ပါသည်။

ကျတော်၊ ကျမတို့ နိုင်ငံနှင့်စာလျှင် ဒီနိုင်ငံလေးသည် လောကီအာရုံ ကာမဂုဏ်များ ပေါကြွယ်လှ၏ ။ ထိုသို့ ပေါကြွယ်အောင်လည်း ဖန်တီးထား၏ ။ ကျတော်၊ ကျမတို့ ပတ်ဝန်းကျင်လက်တစ်ကမ်းမှာပင် လူသားတစ်ယောက်၏ လောဘစိတ်ကို ဆွဲဆောင် လှုံဆော်ပေးသော သက်ရှိ သက်မဲ့ အရာများဖြင့် ပြည့်နှက်နေ၏ ။ ထိုသို့သော ပတ်ဝန်းကျင်၏ လှုံဆော်မှုကြောင့်ပင် ကျတော်၊ ကျမတို့သည် ပို၍ ပို၍ လိုချင် စားချင် ဝတ်ချင် သုံးချင် ဖြုံးချင် ပျော်ပါးချင်စိတ်များ ဒီရေအလား တိုးပွားလာတော့၏ ။

ထို့အပြင် လူသည် ကြောက်စိတ် (Fear) နှင့် ရယူလိုစိတ် (Reward) နှစ်ခုအပေါ် အခြေခံ၍ ရုန်းကန်လှုပ်ရှားကြသော သတ္တဝါများဖြင့်သည့်အလျှောက် ကျတော်၊ ကျမတို့သည် ဆင်းရဲမှုကို ကြောက်၏ ။ တစ်ချိန်တည်းမှာပင် ချမ်းသာမှုကို အသည်းအသန် ရှာဖွေကြ၏ ။ ဘဝ၏ တိုးတက်ကြီးပွားမှုကို ရှာဖွေကြ၏ ။ ထိုသို့ ရှာဖွေကြရင်း ဘဝအမောတွေကြား မျောပါမသွားအောင် မိမိကိုယ်ကို သတိထား ဆန်းစစ်ပြီး ဘဝတန်ဘိုး ဘဝအနှစ်သာရကို ရှာဖွေကြရပေမည်။

ရွှံ့ညွန်များကြားမှ ရုန်းထွက်၍ အစွမ်းကုန် ဖူးပွင့်လှပသော ကြာပန်းလို ကျတော်တို့ ဘဝတွေလည်း  ပို၍ လှပမွှေးမြစေဘို့ တိတ်ဆိတ်ငြိမ်သက်စွာ စကားပြောတတ်သော ပညာများရှိရာ ဓမ္မပန်းခင်း ဗုဒ္ဓစာကြည့်တိုက်သို့ လျှောက်လှမ်းခဲ့ပါ... မိတ်ဆွေအပေါင်းတို့......

စင်္ကာပူရောက် ရွှေမြန်မာ အားလုံး အတွက် “ဓမ္မပန်းခင်း” စာကြည့်တိုက်ကို (Sembawang, ဆမ်ဘာဝမ်း ဓမ္မ ဥယျာဉ်ကျောင်း ဆရာတော်များ၏ ဦးဆောင်မှုနှင့်) ပီနင်ဆူလား ပလာဇာ (Peninsula Plaza) အလွှာ ၅ အခန်း ၁ မှာ (# 05-01) ၁၈၊ ၁၀၊ ၀၉၊ နေ့က စတင် ဖွင့်လှစ်လိုက်ပါပြီ။ ဓမ္မပန်းခင်းသည် မြန်မာအားလုံးရဲ့ နားခို အပန်းဖြေရာ ဓမ္မာရုံလေး ဖြစ်ပါသည်။ သို့ပါ ၍ မည်သူမဆို ဓမ္မရိပ်မှာ ဓမ္မရေအေး သောက်သုံးရင်း၊ ဓမ္မလေညှင်း ခံရင်း၊ ဓမ္မပန်း ရနံ့ ရှူရှိုက်ရင်း လာရောက် ခိုလှုံ အနားယူ အပန်းဖြေ နိုင်ပါသည်။ ဓမ္မပန်းခင်း စာကြည့်တိုက်တွင် မြန်မာပြည်မှ တံခိုးကြီး ဘုရားစုံ၊ မြန်မာ့အလှ သဘာဝ ပန်းချီကားများ၊ တောဓလေ့ ဘာသာရေး ပုံရိပ်များဖြင့် တန်ဆာဆင်ထားပါသည်။

စာကြည့်တိုက်မှ ပေးနေသော ဓမ္မ ၀န်ဆောင်မှုများ။
1. ဘာသာရေး စာအုပ် စာပေများ ငှါးပေးခြင်း။
2. တရား စီဒီမျိုးစုံ ကူးပေးခြင်း။
3. Portable Device များထဲသို့ တရားတော်များ ကူးထည့်ပေးခြင်း။
4. အခမဲ့ ဖြန့်ဝေလိုသော ဓမ္မစာအုပ်များ နှင့် တရား စီဒီများ ဖြန့်ဝေပေးခြင်း။

စည်းကမ်းထားရှိခြင်း။
စာအုပ်များ မပျောက်ပျက်စေရန် ရည်သန်လျှက် စာအုပ်များကို Member Card (အသင်းဝင်ကဒ်) ပြုလုပ်ပြီး ငှါးပေးမည် ဖြစ်ပါသည်။

Membership Fee (အသင်း ၀င်ကြေး - စာကြည့်တိုက် ရန်ပုံငွေ)
ငှါးပေးမည့် စာအုပ်အရေအတွက် နှင့် Member များ လိုက်နာရမည့် စည်းကမ်းများ

1. ၁ နှစ်စာ Member Fee ၂၀ ဒေါ်လာ (S$ 20)
2. ၆ လ Member Fee ၁၀ ဒေါ်လာ (S$ 10)
3. တစ်ကြိမ်လျှင် ၂ -အုပ်၊ ရက်သတ္တ-၂- ပတ် (၁၄-ရက်) ငှါးနိုင်ပါသည်။
4. ၂- ပတ်ကျော် ဆက်ငှါးလိုပါက စာအုပ်ကို စာကြည့်တိုက်သို့ ပြန်ယူလာပြီး သက်တမ်း တိုးနှိုင်ပါသည်။
5. ၂ ပတ်ကျော်မှ ပြန်ပို့ခဲ့လျှင် အနည်းဆုံး ၂ ဒေါ်လာထက် မနည်းသော အလှူငွေ ထည့်ဝင် လှူဒါန်း ရပါမည်။
6. ငှါးသော စာအုပ်များ ပျောက်ဆုံးပါက စာအုပ်တန်ဘိုးငွေ လှူဒါန်းရပါမည်။

တိုက်တွန်း နိုးဆော်ချက်။
ဤစာကြည့်တိုက်သည် ဆမ်ဘာဝမ်း ဓမ္မဥယျာဉ်ကျောင်းမှ ဆရာတော်များ ဦးစီးပြီး စေတနာ့ ၀န်ထမ်း (volunteer) များနှင့်သာ ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ သို့ပါ၍ သင်လည်း (ငွေအား၊ လူအား၊ အကြံဥာဏ်အားများဖြင့်) တက်စွမ်းသည့်ဘက်က ပါဝင်ကူညီ နိုင်ပါသည်။

တိုးတက်စေရန် နှင့် တည်တန့် စေရန် ရန်ပုံငွေ။ (Fund)
စာကြည့်တိုက် ရေရှည်တည်တန့်ရေးအတွက် လစဉ် Main Sponsor အဖြစ် တစ်လ 10 ဒေါ်လာ မှစ၍ 20, 30, 40, 50 ဒေါ်လာ စသည်ဖြင့် မိမိတို့ တက်စွမ်းသလောက် Sponsor ဒကာများ အဖြစ် ကူညီနိုင်ပါသည်။
(Volunteer Part time ကူညီလိုသူများ Membership Form တွင် မိမိတို့ ကူညီနှိုင်သော နေ့ရက်နှင့် အချိန်ကို ဖြည့်ပေးပါရန်။ )

ထို Sponsor ဒကာများကို စာကြည့်တိုက်မှ အထူးဂုဏ်ပြု (Main Sponsor Member Card) ထုတ်ပေးမှာ ဖြစ်ပြီး။ ထို Main Sponsor Member များကို တစ်ကြိမ် ငှါးလျှင် ၃ အုပ် ငှါးပေးမည် ဖြစ်ပါသည်။

ဖွင့်ရက် နှင့် အချိန်။
စာကြည့်တိုက်ကို (တနင်္လာနေ့မှတစ်ပါး) နေ့စဉ် နေ့လည် ၁ နာရီမှ ည ၈ နာရီ အထိ ဖွင့်လှစ်မှာ ဖြစ်ပါသည်။
ထိန်းသိမ်းမည့် စနစ် ဘားကုပ် စစ်စတမ် (Bar code System) နှင့် ထိန်းသိမ်း စောင့်လျှောက် ငှါးပေးမည် ဖြစ်ပါသည်။

လာရောက်လှုဒါန်းနိုင်သော စာအုပ်များ
  • ပိဋကသုံးပုံပါဠိတော်နှင့် မြန်မာပြန်စာအုပ်များ။
  • ဘာသာရေးဆိုင်ရာ စာအုပ်စာပေများ။
  • မိမိတို့ဖတ်ပြီးစာအုပ်မှ ကောင်းနိုးရာရာစာပေများ။
  • အပတ်စဉ်၊ လစဉ်ထုတ် သတင်းဂျာနယ်များ။
  • ဘာသာရေး မဂ္ဂဇင်းများ။



လာရောက် ဗဟုသုတ ရှာမှီးသူများအားလုံးနှင့် ပံ့ပိုးပေးသူများအားလုံးကို ကျေးဇူးတင်ပါသည်။ 
ဓမ္မပန်းခင်း မိသားစု